၂၀၁၃ ခုနှစ် မေလ ၃ ရက် နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး ရုံးခန်း၌ ၅/၂၀၁၃ အစည်းအဝေးကို ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ဦးမိုးသူ ၊ ဦးစိမ်းနီ ၊ ဦးမော်လင်း ၊ ဦးမင်းထင်ကိုကိုကြီး ၊ ဦးအရိုင်း ၊ ဦးဝေဠုကျော် ၊ ဦးဇော်သက်ထွေး ၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင် ၊ ဒေါ်ထွန်းအိန္ဒြာဗို ၊ ဒေါ်ကြည်ဖြူသျှင်တို့ တက်ရောက်ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကား၏ ဇာတ်ညွှန်းကိစ္စနှင့် အထွေထွေကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။ ထိုနောက် ဂျပန်နိုင်ငံမှ ရောက်ရှိလာသော ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့(ဂျပန်)နှင့် ရုပ်ရှင်ဇာတ်ကားအတွက် အကူအညီပေးရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
Friday, May 3, 2013
Tuesday, April 23, 2013
ကိုရီးယား ရုပ်ရှင်ကုမ္မဏီနှင့်တွေ့ဆုံ
၂၀၁၃ ခုနှစ် ၊ ဧပြီလ ၂၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း
ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ကိုယ်စား အဖွဲ့ဝင်များ ဖြစ်ကြသော ဦးမော်လင်း ၊
ဦးမင်းထင်ကိုကိုကြီး ၊ ဦးလူမင်း ၊ မကြည်ဖြူသျှင် ၊ မထွန်းအိန္ဒြာဗို တို့
နှင့် ကိုရီးယားနိုင်ငံ မှ ရောက်ရှိလာသော ရုပ်ရှင်ကုမ္မဏီ အဖွဲ့ တို့
ရန်ကုန်မြို့ ၊ တက္ကသိုလ် ရိပ်သာလမ်း ရှိ
ဖြစ်မြောက်ရေး အဖွဲ့ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည် ။
Saturday, April 6, 2013
(၄/၂၀၁၃) အစည်းအဝေး ကျင်းပ
၂၀၁၃ ခုနှစ် ဧပြီလ၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ရုံးခန်း၌
၎/၂၀၁၃ အစည်းအဝေး ကို ကျင်းပခဲ့ ပါသည် ။ အစည်းအဝေး တွင် ဦးသူရ (ဇာဂနာ) ၊ ဦးစိမ်းနီ ၊ ဦးဇင်ဝိုင်း ၊ ဦးမော်လင်း
၊ ကိုမင်းထင်ကိုကိုကြီး ၊ ကိုဇော်သက်ထွေး ၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင် ၊ မထွန်းအိန္ဒြာဗို
၊ မကြည်ဖြူသျှင် တို့ တက်ရောက် ခဲ့ကြပြီး ပြီးစီး သွား ပြီဖြစ်သည့် ဇာတ်ညွှန်းအား နောက်ဆုံးအဆင့် ပြင်ဆင် တည်းဖြတ်ရန် ကိစ္စ ၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည် တို့၏ ဇာတ်ရုပ်နေရာ အတွက် ရွေးချယ်ခံ ထားရသော သရုပ်ဆောင် တို့ကို မေလဆန်း တွင်
အနီးကပ် သင်တန်းပေး ရန်ကိစ္စ ၊ တောင်ကိုရီးယားနိုင်ငံမှ ရောက်ရှိလာ မည့် ဂျူမုံအဖြစ် သရုပ်ဆောင် ခဲ့သူ မင်းသားနှင့်
၎င်း ဇာတ်ကားကို ရိုက်ကူး ခဲ့သော ရုပ်ရှင်ဒါရိုက်တာ တို့နှင့် ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင်
ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်တွင် တွေ့ဆုံရန် ကိစ္စတို့ကို
ဆွေးနွေး ဆုံးဖြတ် ခဲ့ကြပါသည်။
Tuesday, March 12, 2013
၃/၂၀၁၃ အစည်းအဝေးကျင်းပ
၂၀၁၃ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်း၌
ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေး ၃/၂၀၁၃ ကို ကျင်းပခဲ့ပါသည် ။ အစည်းအဝေးတွင် ကိုမင်းထင်ကိုကိုကြီး ၊ ကိုဝိုင်း ၊ ကိုဝေဠုကျော်
၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင် ၊ မထွန်းအိန္ဒြာဗို ၊ မကြည်ဖြူသျှင် တို့ တက်ရောက်ခဲ့ကြသည်
။
Saturday, February 2, 2013
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေး (၂/၂၀၁၃) ကျင်းပ
၂၀၁၃
ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးရုံးခန်း၌
ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေး ၂/၂၀၁၃ ကို ကျင်းပခဲ့ပါသည် ။ အစည်းအဝေးတွင် ဦးမိုးသူ
၊ ဦးဇာဂနာ ၊ ဦးမော်လင်း ၊ ဦးလူမင်း ၊ ဦးမျိုးမင်း ၊ ဦးမင်းထင်ကိုကိုကြီး ၊ ဦးအရိုင်း
၊ ဦးဇော်သက်ထွေး ၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင် ၊ မထွန်းအိန္ဒြာဗို ၊ မကြည်ဖြူသျှင်
တို့ တက်ရောက်ခဲ့ကြသည် ။
Tuesday, January 8, 2013
၁/၂၀၁၃ အစည်းအဝေးကျင်းပ
၂၀၁၃
ခုနှစ် ၊ ဇန်န၀ါရီလ ၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး ရုံးခန်း၌
ဖြစ်မြောက်ရေးအဖွဲ့ အစည်းအဝေး ၁/၂၀၁၃ ကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင်
ဦးဇာဂနာ ၊ ဦးစိမ်းနီ၊ ဦးမော်လင်း ၊ ဦးမျိုးမင်း ၊ ကိုဝိုင်း ၊ ကိုသူရကျော် ၊ ဒေါ်အိအိခိုင်
နှင့် မထွန်းအိန္ဒြာဗို တို့ တက်ရောက်ခဲ့ကြပြီး ဇာတ်ညွှန်းနှင့်
သရုပ်ဆောင်နေရာ များ ကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။
Subscribe to:
Posts (Atom)